အစိုးရနည်းပညာအထက်တန်းကျောင်း (နေပြည်တော်)တွင် ၃.၈.၂၀၂၄ နေ့၌ ၀န်ထမ်းကျောင်းသားစုပေါင်းအားဖြင့် ဝါဆိုသင်္ကန်းကပ်လှူပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး ဘူးကွဲရွာဦးကျောင်းမှ ဆရာတော်(၅)ပါးအား ဝါဆိုသင်္ကန်းနှင့်၀တ္ထုငွေ ၊ ဆွမ်းများဆက်ကပ်လှူဒါန်းမှူပြုလုပ်ခဲ့ပါသည်း

read more

အစိုးရနည်းပညာအထက်တန်းကျောင်း (နေပြည်တော်)တွင် ၁.၈.၂၀၂၄နေ့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဇမ္ဗူသီရိမြို့နယ်ရုံမှ ဦးစီးအရာရှိ ဒေါ်နီလာစိုးမှ ဦးဆောင်၍ လူငယ်စကားဝိုင်းကို ကျင်းပခဲ့ပါသည်။အဆိုပါစကားဝိုင်းတွင် မသော်ဝတီဆု(BTဌာန) မှ လူငယ်နှင့်နည်းပညာ ၊ မကျော့ကေခိုင်စိုး(ITဌာန)မှ လူငယ်နှင့်ယဉ်ကျေးမှု ၊ ဆလိုင်းဆော်လမွန်(ATဌာန)မှ လူငယ်နှင့်စာဖတ်ခြင်း ၊ မောင်သက်ပိုင်မှူး(BST ဌာန)မှ လူငယ်နှင့်ရည်မှန်းချက် တို့ကိုစကားဝိုင်းဖွဲ့ဆွေးနွေးကြပါသည်။

read more

အစိုးရနည်းပညာ အထက်တန်းကျောင်း(နေပြည်တော်)တွင်  ၂၅.၇.၂၀၂၄ (ကြာသပတေးနေ့)၌ လူငယ်ရေးရာအသိပညာပေးဟောပြော‌ပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ကျောင်းသား/ကျောင်းသူများအား စာရေးဆရာ အိုင်ပီမျိုးအောင်မှ “ဉပဒေအကြောင်းသိကောင်းစရာများ” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပါသည်

read more

အစိုးရနည်းပညာအထက်တန်းကျောင်း(နေပြည်တော်)၏ ၂၀၂၂ – ၂၀၂၃ ပညာသင်နှစ်အတွက် အောင်လက်မှတ် ပေးအပ်ပွဲအခမ်းအနားကို (၂၅.၅.၂၀၂၄ နှင့် ၂၆.၅.၂၀၂၄)နေ့များတွင် ကျင်းပပြီးစီးခဲ့ပါသည်။ ထိုအခမ်းအနားတွင် အောင်လက်မှတ် တက်ရောက်ယူသူ ကျောင်းသား၊ကျောင်းသူ (၁၁)ဦးနှင့် အဝေးရောက်ယူသူ (၇)ဦး ရှိပါသည်။

read more

အစိုးရနည်းပညာ အထက်တန်းကျောင်း(နေပြည်တော်)တွင် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက် ဦးဆောင်မှုဖြင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို (၃-၁၀-၂၀၂၃)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

read more

အခြေခံလျှပ်စစ်ကျွမ်းကျင်မှုသင်တန်း၊အပတ်စဉ်(၁၉)၊သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို အစိုးရနည်းပညာအထက်တန်းကျောင်း(နေပြည်တော်)တွင် (၂၆.၉.၂၀၂၃)နေ့၌ ပြုလုပ်ကျင်းပခဲ့ပါသည်။

read more

(၂၀၂၃-၂၀၂၄) ပညာသင်နှစ်အတွက် မောင်မယ်သစ်လွင်ကြိုဆိုပွဲ နှင့် (၂၀၂၂-၂၀၂၃) ပညာသင်နှစ် တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ကျောင်းသူများအားဆုပေးပွဲ အခမ်းအနားကို အစိုးရနည်းပညာအထက်တန်းကျောင်း(နေပြည်တော်)၊ သုံးထပ်ဆောင်ခန်းမ၌ (၄.၈.၂၀၂၃) နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

read more

အစိုးရနည်းပညာအထက်တန်းကျောင်း(နေပြည်တော်)တွင် (၂.၈.၂၀၂၃)နေ့၌ ကျင်းပသည့် ဝန်ထမ်းအားလုံး၏ စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲ၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ဒုတိယ ဝန်ကြီး အခမ်းအနားတက်ရောက်ပြီး လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

read more

နည်းပညာ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ်(ဘယ်လင်း)တွင် (၂၄.၇.၂၀၂၃ မှ ၂၆.၇.၂၀၂၃ ထိ)ကျင်းပခဲ့သည့် Innovation Project Award ပြိုင်ပွဲနှင့် လက်တွေ့ကျွမ်းကျင်မှု စွမ်းရည်ပြိုင်ပွဲ၌ ဦးစီးဌာနအောက်ရှိ ကျောင်းအားလုံးတွင် အစိုးရနည်းပညာ အထက်တန်းကျောင်း (နေပြည်တော်)Building Technology ဌာနမှ မောင်မျိုးဇော်ထက် မှ ပထမဆုရရှိခဲ့ပါသည်။  

read more

အစိုးရနည်းပညာအထက်တန်းကျောင်း(နေပြည်တော်) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်တန်း အသီးသီးမှ ပထမနှစ်၊ ဒုတိယနှစ်ကျောင်းသား၊ကျောင်းသူများ၏ လက်တွေ့ လုပ်ငန်း ကျွမ်းကျင်မှု ပြိုင်ပွဲကို (၂၈.၂.၂၀၂၃) နေ့တွင်ကျင်းပခဲ့ပြီး၊ ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူ များအား (၂၈.၂.၂၀၂၃)နေ့တွင် ဆုများချီးမြှင့် ပေးအပ်ခဲ့ပါသည်။

read more