သုတနည်းပညာဌာန၏အဓိကရည်ရွယ်ချက်မှာသတင်းအချက်အလက်(Information)တွေကိုမြန်မြန်ဆန်ဆန်တိတိကျကျရရှိအောင်ဆောင်ရွက်ပေးနိုင်ဖို့ဖြစ်ပါသည်။စဉ်ဆက်မပြတ်တိုးတက်နေသောITနည်းပညာများကိုလေ့ကျင့်သင်ကြားပေးခြင်းဖြင့်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့်လုပ်ငန်းနယ်အသီးသီးတွင်ဦးဆောင်ပါဝင်သူများဖြစ်ပေါ်လာစေရန်ရည်ရွယ်ပါသည်။သုတနည်းပညာအင်ဂျင်နီယာပညာရပ်ဆိုသည်မှာကွန်ပျူတာကိုအသုံးပြု၍သတင်းအချက်အလက်များပေးပို့ခြင်း၊သိုလှောင်သိမ်းဆည်းခြင်း၊သတင်းအချက်အလက်နှင့်သက်ဆိုင်သည့်စနစ်၊ ဆက်သွယ်ရေးနည်းပညာနှင့် သက်ဆိုင်သည့်စနစ်၊ အတိအကျပြောရမည်ဆိုလျှင် Hardware and Software စသည့် အီလက်ထရွန်ပစ္စည်း ကိရိယာပစ္စည်းများဖြင့် ပါဝင်ဖွဲ့စည်းထားသော ကွန်ပျူတာများနှင့် ၎င်းစနစ်များကို လေ့လာသည့် နည်းပညာပညာရပ်ဖြစ်သည်။
စဉ် | အမည် | ပညာအရည်အချင်း | ရာထူး |
---|---|---|---|
၁ | ဒေါ်သက်စုမွန် | M.C.Sc | ကထိက |
၂ | ဒေါ်ဖြူမာနိုင် | BE(IT)Q | ကထိက |
၃ | ဒေါ်စန်းသူဇာ | GTHS(IT) | စက်မှုကျွမ်းကျင်(၅) |