စက်ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်ခြင်း နည်းပညာသင်တန်းဌာန
စက်ပစ္စည်းအစိတ်အပိုင်းများထုတ်လုပ်ခြင်းနည်းပညာသင်တန်းသည်အခြေခံကျသောစက်နှင့်ကိရိယာများကိုအသုံးပြု၍ စက်ခုတ်စားခြင်း နည်းပညာရပ်များကို သင်ကြားပေးသော သင်တန်းဖြစ်ပါသည်။ အလုပ်ရုံနည်းပညာနှင့်စက်မှုပုံဆွဲအတတ်ပညာများကိုစက်ပစ္စည်းအစိတ်အပိုင်းများထုတ်လုပ်နိုင်ရန်အတွက် ရည်ရွယ်ပါသည်။
၂၀၀၉တွင်ပြန်လည်၍ အသစ်တဖန်တိုးချဲ့ဖွဲ့စည်းလာသော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စက်မှု နှင့်သက်မွေးပညာဦးစီးဌာနအောက်တွင် ပြန်လည်၍ အစိုးရနည်းပညာအထက်တန်းကျောင်း ဟူ၍ ယခင်ကထက်တိုးချဲ့ဖွင့်လှစ်ခဲ့ရာ ၂၀၀၉ ခုနှစ်တွင် (၃၂)ကျောင်းမှ ယခုအခါ(၃၅)ကျောင်း အထိဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါသည်။
အလုပ်ရုံနည်းပညာနှင့် စက်မှုပုံဆွဲအတတ်ပညာ အခြေခံနည်းစနစ်များကို အသုံးပြုလျှက် စက်ပစ္စည်း အစိတ်အပိုင်းများကို စနစ်တကျပြုလုပ်တတ်စေရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရန်အတွက် ကာကွယ်ရေး အသုံးအဆောင်များနှင့် လေ့ကျင့်ရေး စည်းမျဉ်းစည်းကမ်း နည်းစနစ်များအတိုင်း လိုက်နာဆောင်ရွက်တတ်စေရန် လေ့ကျင့်သင်ကြားပေး လျှက်ရှိပါသည်။
အခြေခံဂဟေဆက် နည်းပညာဘာသာရပ်တွင် လျှပ်စစ်ဂဟေ၊ ဓါတ်ငွေ့ဂဟေနှင့်ခေတ်ပေါ် ဂဟေဆက်နည်းစနစ်များကို လေ့ကျင့်သင်ကြားပြီး ဘေးအန္တရာယ်ကင်း၍ ကျွမ်းကျင်စွာလုပ် ကိုင် ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ လေ့ကျင့်သင်ကြား ပေးလျှက်ရှိပါသည်။

ပထမနှစ်အတွက်သင်ကြားပို့ချနေသောဘာသာရပ်များ

၁။မြန်မာစာ

၂။အင်္ဂလိပ်စာ

၃။သင်္ချာ

၄။ဓါတုဗေဒ

၅။ရူပဗေဒ

၆။GTE-101 အခြေခံပုံဆွဲဘာသာရပ်

၇။GTE-102 အခြေခံနည်းပညာ

၈။GTE-103 အခြေခံကွန်ပျူတာသိပ္ပံ

 

ဒုတိယနှစ်အတွက်သင်ကြားပို့ချနေသောဘာသာရပ်များ

၁။မြန်မာစာ

၂။အင်္ဂလိပ်စာ

၃။သင်္ချာ

၄။ဓါတုဗေဒ

၅။ရူပဗေဒ

၆။စာရိတ္တနှင့်ပြည်သူ့နီတိ

၆။MT 201 Engineering Drawing

၇။MT 202 Bench Work

၈။MT 203 Welding Work

တတိယနှစ်အတွက်သင်ကြားပို့ချနေသောဘာသာရပ်များ

၁။မြန်မာစာ

၂။အင်္ဂလိပ်စာ

၃။သင်္ချာ

၄။ရူပဗေဒ+ဓာတုဗေဒ(ရူပဗေဒ-၆၀%+ဓာတုဗေဒ-၄၀%)

၅။MT 301 Machine Drawing

၆။MT 302 Lathe Work

၇။MT 303 Milling Work

စဉ်အမည်ပညာအရည်အချင်းရာထူး
ဒေါ်အေးအေးမွန်BE(Mech;)လက်ထောက်ကထိက
ဒေါ်ပြည့်လှိုင်ဝင်းBE(Mech;)နည်းပြ
ဒေါ်သွန်းအိမ့်ခြွေAGTI(MT)စက်မှုကျွမ်းကျင်-၃