အဆောက်အဦနည်းပညာ ဌာနမှ ကြိုဆိုပါတယ် ခင်ဗျာ………
အဆောက်အဦးနည်းပညာသင်တန်းသည် အဆောက်အဦးပုံစံများ ထုတ်လုပ်ခြင်း၊ လက်သမား ဆိုင်ရာ လုပ်ငန်းများ ၊ပန်းရံအုတ်စီခြင်းဆိုင်ရာ အတတ်ပညာများ၊ သံချည်သံကွေးခြင်း ဆိုင်ရာ အတတ်ပညာများ Surveying တိုင်းတာခြင်းစသည့် အဆောက်အဦးဆိုင်ရာ နည်းပညာများကို သင်ကြားပေးနေသည့် ဌာနဖြစ်ပါသည်။

ရည်ရွယ်ချက်
အစိုးရနည်းပညာအထက်တန်းကျောင်း (နေပြည်တော်) ၊ အဆောက်အဦးနည်းပညာဌာန၏ ရိုးရိုးအောင်ချက်(၁၀၀%)အား ဆက်လက်ထိန်းသိမ်းထားနိုင်ရန်နှင့် အထူးအောင်ချက်(%)များ ပိုမိုတိုးတက်မြင့်မားစေရေး ၊ ဒေသလိုအပ်ချက်နှင့် ကိုက်ညီသောသင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး၊ အဆောက်အဦနည်းပညာဌာနမှ မွေးထုတ်လိုက်သော ကျောင်းသားတိုင်း အရည်အသွေးအာမခံချက်ရှိပြီး သင်တန်းပြီးဆုံးသွားသူများသည် ကျွမ်းကျင်မှုစံနှုန်းများနှင့် ကိုက်ညီသောသူများ ဖြစ်လာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် ပြင်ပလုပ်ငန်းများနှင့် ချိတ်ဆက် ဆောင်ရွက်ပေးနိုင်ရန် အားသာချက်များကို ဆက်လက် ထိန်းသိမ်းထားပြီး အောင်မြင်မှုအသစ်များ ဖန်တီးပေးနိုင်ရန် ရည်ရွယ်ပါသည်။
အစိုးရနည်းပညာအထက်တန်းကျောင်း (နေပြည်တော်)၊ အဆောက်အဦနည်းပညာဌာနသည် GTHS ပုံမှန်၃နှစ်သင်တန်းများ (ပထမနှစ်၊ဒုတိယနှစ်၊တတိယနှစ်)၊ ကျွမ်းကျင်မှုအခြေပြု ကာလတိုသင်တန်းများ၊ Assessmentစစ်ဆေးခြင်း လုပ်ငန်းများ ကျောင်းဖွံ့ဖြိုးရေးဆိုင်ရာ ဆောင်ရွက်မှုများနှင့် သင်တန်းပြီးဆုံးသွားသော ကျောင်းသားတိုင်း အရည်အသွေး ပြည့်ဝစေရန်နှင့် အလုပ်အကိုင်အခွင့်အလန်းများ ပိုမိုရရှိစေနိုင်ရေး လုပ်ငန်းတာဝန်များအား ဆောင်ရွက်လျက် ရှိပါသည်။

ပထမနှစ်အတွက်သင်ကြားပို့ချနေသောဘာသာရပ်များ
၁။မြန်မာစာ
၂။အင်္ဂလိပ်စာ
၃။သင်္ချာ
၄။ဓါတုဗေဒ
၅။ရူပဗေဒ
၆။GTE-101 အခြေခံပုံဆွဲဘာသာရပ်
၇။GTE-102 အခြေခံနည်းပညာ
၈။GTE-103 အခြေခံကွန်ပျူတာသိပ္ပံ

ဒုတိယနှစ်အတွက်သင်ကြားပို့ချနေသောဘာသာရပ်များ
၁။မြန်မာစာ
၂။အင်္ဂလိပ်စာ
၃။သင်္ချာ
၄။ဓါတုဗေဒ
၅။ရူပဗေဒ
၆။စာရိတ္တနှင့်ပြည်သူ့နီတိ
၇။BT 201-Basic Civil Drawing
၈။BT 202-BMC-1
၉။BT 203-Fundamental Surveying

တတိယနှစ်အတွက်သင်ကြားပို့ချနေသောဘာသာရပ်များ
၁။မြန်မာစာ
၂။အင်္ဂလိပ်စာ
၃။သင်္ချာ
၄။ရူပဗေဒ+ဓာတုဗေဒ(ရူပဗေဒ-၆၀%+ဓာတုဗေဒ-၄၀%)
၅။BT 301- Civil Engineering Drawing
၆။BT 302-BMC-II
၇။BT 303- Surveying II

အဆောက်အဦနည်းပညာဌာနတွင်တာဝန်ထမ်းဆောင်လျက်ရှိသောဆရာ၊ဆရာမစာရင်း

စဉ်အမည်ပညာအရည်အချင်းရာထူး
ဒေါ်ရွှေသိင်္ဂီထွန်းB.E(Civil)ကထိက
ဦးဘိုဘိုလျှံB.E(Civil)လက်ထောက်ကထိက
ဒေါ်ထိုက်သူဇာB.E(Civil)လက်ထောက်ကထိက
ဒေါ် ကျော့ကျော့စိုးစံB.E(Civil)လက်ထောက်ကထိက
ဦးမျိုးဇော်ဦးG.T.H.S(Civil)စက်မှုကျွမ်းကျင်-၁
ဒေါ်ဖြူဖြူဝင်းA.G.T.I(Civil)စက်မှုကျွမ်းကျင်-၃
ဒေါ်ပြည့်ဖြိုးမော်A.G.T.I(Civil)စက်မှုကျွမ်းကျင်-၄
ဒေါ်အေးချမ်းမေG.T.H.S(BT)စက်မှုကျွမ်းကျင်-၄
ဒေါ်သင်းရနံ့ဖြိုးG.T.H.S(BT)စက်မှုကျွမ်းကျင်-၄
၁၀ဦးထူးမြတ်G.T.H.S(BT)စက်မှုကျွမ်းကျင်-၅