လျှပ်စစ်နည်းပညာသင်တန်းသို့တက်ရောက်မည့်ကျောင်းသား/သူ များအားလျှပ်စစ်နည်းပညာသင်တန်း

ဌာနဆရာ/မ များမှနွေးထွေးစွာကြိုဆိုပါတယ်။

မျက်မှောက်ခေတ်ကာလတွင် ပြည်တွင်း၌ ခေတ်မှီနည်းပညာများတိုးတက်လာသည်နှင့်အမျှ လျှပ်စစ်ပစ္စည်းများကို တွင်တွင်ကျယ်ကျယ်သုံးစွဲလာကြပါသည်။လျှပ်စစ်ပစ္စည်းများအား ယခုလိုသုံးစွဲလာကြသည့်အပေါ်တွင် ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ဖို့ရန် လျှပ်စစ်နည်းပညာကို စနစ်တကျ သင်ကြားတတ်မြောက်ဖို့ လွန်စွာအရေးကြီးပါသည်။နည်းပညာလို့ ပြောလိုက်တာနဲ့ လက်တွေ့တွေကို သင်ကြားပေးမည့် နေရာ/သက်မွေးပညာလို့ ကြားလိုက်တာနဲ့ နည်းပညာတွေပါ သင်ကြားပေးမည့်နေရာပဲဆိုတာကို သိနေရပါမယ်။နည်းပညာပါရင် သက်မွေးပါကိုပါရမယ် သက်မွေးလို့ပြောရင် နည်းပညာပါကိုပါရမယ် ဆိုတာ လူတိုင်းသိမယ်လို့ မျှော်လင့်ပါတယ်။မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံအနေဖြင့် လျှပ်စစ် နည်းပညာ ဟာ အလွန်အင်မတန် အရေးပါသဖြင့် ကျောင်းသား/သူ များ Electrical Technology (ET) ဘာသာရပ်ကို ရွေးချယ်တက်ရောက်ကြတာဟာ အင်မတန်မှမှန်ကန်သင့်တော်လှပါတယ်။
လျှပ်စစ်နည်းပညာသင်တန်းကိုတက်ရောက်သင်ကြားခြင်းအားဖြင့်ရရှိလာမည့်အကျိုးကျေးဇူးများမှာ-
၁။ မိမိကိုယ်တိုင်လျှပ်စစ်အန္တရာယ်ကင်းဝေးအောင်လုပ်ဆောင်နိုင်လာခြင်း
၂။ မိမိအိမ်တွင်လျှပ်စစ်နှင့်ပတ်သတ်ပြီးစည်းကမ်းရှိစွာသုံးစွဲတတ်လာခြင်း
၃။ မိမိအိမ်တွင်လျှပ်စစ်နှင့်ပတ်သတ်သောကိစ္စရပ်များကိုကိုယ်တိုင်ပြုပြင်တပ်ဆင်လာနိုင်ခြင်း
၄။ မိမိပတ်ဝန်းကျင်တွင် လျှပ်စစ်နှင့်ပတ်သတ်သော ဗဟုသုတများ/ဆောင်ရန်ရှောင်ရန်များကို လည်း သေချာစွာပြန်လည်မျှဝေပေးနိုင်ခြင်း
၅။ မိမိပတ်ဝန်းကျင်မှလူငယ်များကိုလည်းအလုပ်အကိုင်အခွင့်အလမ်းများလမ်းပြပေးနိုင်ခြင်း
၆။ နိုင်ငံတော်အတွက် အကျိုးပြုသော ကျွမ်းကျင်အင်ဂျင်နီယာများ အဖြစ်ရပ်တည်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိပါမည်။
လျှပ်စစ်နည်းပညာသင်တန်းကိုတက်ရောက်သင်ကြားခြင်းအားဖြင့်ရရှိမည့်အလုပ်အကိုင်အခွင့်အလမ်းများမှာ-
၁။ အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်းလုပ်ငန်းလုပ်ကိုင်နိုင်ခြင်း
၂။ မော်တာကွိုင်ပတ်ခြင်းလုပ်ငန်းလုပ်ကိုင်နိုင်ခြင်း
၃။ ထရန်စဖော်မာကွိုင်ပတ်ခြင်းလုပ်ငန်းလုပ်ကိုင်နိုင်ခြင်း
၄။ စက်ရုံ၊ အလုပ်ရုံများတွင်ဝင်ရောက်လုပ်ကိုင်နိုင်ခြင်း
၅။ ကိုယ်ပိုင်လျှပ်စစ်ပစ္စည်းဆိုင်ဖွင့်လှစ်နိုင်ခြင်း
၆။ လျှပ်စစ်ပစ္စည်းများပြုပြင်တပ်ဆင်ခြင်းလုပ်ငန်းလုပ်ကိုင်နိုင်ခြင်း
၇။ ကုမ္ပဏီများ/ပြင်ပပုဂ္ဂလိက လုပ်ငန်းများ၏ အင်ဂျင်နီယာဌာနများတွင် ဝင်ရောက် လုပ်ကိုင် နိုင်ခြင်း
၈။ အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းများနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများတွင် လက်တွေ့ဘာသာရပ်များကို သင်ကြားပြသနိုင်သောဆရာ/မ များအဖြစ် ဝင်ရောက် လုပ်ကိုင် နိုင်ခြင်း
၉။ အစိုးရရုံးများတွင် ကျွမ်းကျင်လုပ်သား၊ လိုင်းလုပ်သားများအဖြစ် ဝင်ရောက်လုပ်ကိုင်နိုင်ခြင်း   စသည့် အလုပ်အကိုင်အခွင့်အလမ်းများကို ရရှိပါမည်။
လျှပ်စစ်နည်းပညာဘာသာရပ်ကိုယခုအခါမှာအပိုင်းသုံးပိုင်းနဲ့လုပ်ဆောင်ပေးလျှက်ရှိပါသည်။
၁။ သင်ကြားရေး
၂။ လက်တွေ့လုပ်ဆောင်မှုနှင့်
၃။ အခါအားလျော်စွာ ပြင်ပလုပ်ငန်းခွင်များနှင့် ချိတ်ဆက်လုပ်ဆောင်မှုတို့ကို ပြုလုပ်ဆောင် ရွက်ပေးလျှက်ရှိပါသည်။
သင်ကြားရေးပိုင်းအနေနဲ့ လက်ရှိမှာ ပထမနှစ်သင်တန်းနှင့် ဒုတိယနှစ်သင်တန်းများကို သင်ကြား ပေးလျှက်ရှိပါသည်။ သင်တန်းကြာချိန်မှာ(၂)နှစ်ဖြစ်ပါသည်။ပထမနှစ်ပြီးပါက ပြင်ပတွင် လက်တွေ့တစ်လဆင်းရပါမည်။ဒုတိယနှစ်ပြီးပါကလည်း ပြင်ပတွင် လက်တွေ့ တစ်လဆင်း ရပါမည်။ ပထမနှစ်တွင် Major နှင့် Minor ဘာသာရပ်များကို သင်ကြားရပါမည်။
ပထမနှစ်အတွက်လက်တွေ့သင်ကြားမှုများမှာ-
၁။ လျှပ်စစ်နှင့်ပတ်သတ်သောအခြေခံအသုံးအနှုန်းများ၊အခေါ်အဝေါ်များကိုစတင်သင်ကြားရပြီးအိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်းများကိုအသေးစိတ်သင်ကြားလေ့လာရမှာဖြစ်ပါတယ်။
၂။ အိမ်သုံးလျှပ်စစ်ပစ္စည်းများ(ထမင်းပေါင်းအိုး၊မီးပူ၊ရေနွေးအိုး၊မီးဖို၊ဟင်းချက်အိုး)တွေအကြောင်းကိုလည်းသင်ကြားလေ့လာရမှာဖြစ်ပါတယ်။
ဒုတိယနှစ်အတွက်လက်တွေ့သင်ကြားမှုများမှာ-
၁။ မော်တာကွိုင်ပြန်ပတ်ခြင်း (Motor Rewinding) ၊ မော်တာများကို ထိန်းချုပ် မောင်းနှင်ခြင်း ( Motor Control )နှင့်
၂။ ထရန်စဖော်မာကွိုင်ပတ်ခြင်း (Transformer Winding )များကို သင်ကြား လေ့လာရမှာ ဖြစ်ပါတယ်
လျှပ်စစ်နည်းပညာသင်တန်းဌာနမှသင်ကြားပေးလျှက်ရှိသောသင်တန်းများမှာ-
သင်တန်းအမည် –  အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်း (ကျောင်းတွင်းကာလတိုသင်တန်း)
အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်း ( ကျောင်းပြင်ပကာလတိုသင်တန်း)
သင်တန်းကာလကြာချိန်- တစ်လ
ကျောင်းတွင်း/ပြင်ပလက်တွေ့သင်ကြားပေးခဲ့သောအပတ်စဉ်မှာ (၁၇)ကြိမ်မြောက်တိုင်ခဲ့ပါပြီ။
နိဂုံးချုပ်အနေနဲ့ပြောရမယ်ဆိုရင်လျှပ်စစ်နည်းပညာသင်တန်း(ET)ဘာသာရပ်ကိုတက်ရောက်ခြင်းအားဖြင့်မိမိရပ်ရွာ/မိမိနိုင်ငံတော်အတွက်အကျိုးပြုယုံကြည်အားကိုးထိုက်သောထူးချွန်ထက်မြက်သောလျှပ်စစ်ကျွမ်းကျင်အင်ဂျင်နီယာများမလွဲဧကန်ဖြစ်လာမည်ဟုပြောကြားလိုပါသည်။
လက်တွေ့လုပ်ငန်းဆောင်ရွက်နေမှုများ

ပထမနှစ်အတွက်သင်ကြားပို့ချနေသောဘာသာရပ်များ

၁။မြန်မာစာ

၂။အင်္ဂလိပ်စာ

၃။သင်္ချာ

၄။ဓါတုဗေဒ

၅။ရူပဗေဒ

၆။GTE-101 အခြေခံပုံဆွဲဘာသာရပ်

၇။GTE-102 အခြေခံနည်းပညာ

၈။GTE-103 အခြေခံကွန်ပျူတာသိပ္ပံ

ဒုတိယနှစ်အတွက်သင်ကြားပို့ချနေသောဘာသာရပ်များ

၁။မြန်မာစာ

၂။အင်္ဂလိပ်စာ

၃။သင်္ချာ

၄။ဓါတုဗေဒ

၅။ရူပဗေဒ

၆။စာရိတ္တနှင့်ပြည်သူ့နီတိ

၇။ET 201 Basic Electrical Drawing

၈။ET 202 Electrical Installation

၉။ET 203 Electrical Engineering Principal

တတိယနှစ်အတွက်သင်ကြားပို့ချနေသောဘာသာရပ်များ

၁။မြန်မာစာ

၂။အင်္ဂလိပ်စာ

၃။သင်္ချာ

၄။ရူပဗေဒ+ဓာတုဗေဒ(ရူပဗေဒ-၆၀%+ဓာတုဗေဒ-၄၀%)

၅။ET 301 Introduction to PLC(LOGO!8)

၆။ET 302 Industrial Electric Motor Control

၇။ET 303 Electrical Machines

လျှပ်စစ်နည်းပညာဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာ၊ ဆရာမများစာရင်း

စဉ်အမည်ပညာအရည်အချင်းရာထူး
ဒေါ်နီနီလွင်B.E(EP)တွဲဖက်ပါမောက္ခ
ဒေါ်စန်းဝေအောင်B.E(EP)ကထိက
ဒေါ်ဝင်းဝင်းခိုင်AGTI(EP)ကထိက
ဒေါ်ဌေးဌေးဦးAGTI(EP)ကထိက
ဒေါ်ကေသွယ်ရွှေAGTI(EP)စက်မှုကျွမ်းကျင်-၁
ဒေါ်ကြည်ကြည်ခိုင်B.E(EP)နည်းပြ
ဒေါ်ခိုင်ဝါထွန်းနည်းပြB.E(EP)
ဦးကောင်းစည်သူစက်မှုကျွမ်းကျင်-၃AGTI(EP)
ဒေါ်ဇင်မာစိုးစက်မှုကျွမ်းကျင်-၄AGTI(EP)
၁၀ဦးချမ်းငြိမ်းလင်းစက်မှုကျွမ်းကျင်-၄GTHS(ET)