နောက်ခံသမိုင်းကြောင်း



အစိုးရနည်းပညာအထက်တန်းကျောင်း(နေပြည်တော်)ကို ၂၀၀၉ခုနှစ်၊ မေလ(၅)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ဤကျောင်းအဆောက်အဦနေရာသည် မူလတန်းလွန်ကျောင်းအဖြစ် ဖွင့်လှစ်ရန်ရည်ရွယ်ဆောက်လုပ်ခဲ့ရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ လွှဲပြောင်းလက်ခံခဲ့ပြီး အစိုးရနည်းပညာအထက်တန်း ကျောင်းကို ဖွင့်လှစ်ခဲ့ပါသည်။

ရည်မှန်းချက်

  • နည်းပညာနှင့်သက်မွေးပညာကို သင်ယူလိုသူတိုင်း လေ့လာသင်ကြားခွင့် ရရှိစေရန်။
  • သင်ယူတတ်မြောက်ပြီးသော အတတ်ပညာဖြင့် အသက်မွေးဝမ်းကြောင်းပြုနိုင်ရန်။
  • ဒေသအတွင်း လူ့စွမ်းအားအရင်းအမြစ်များ လေ့ကျင့်မွေးထုတ်ပေးနိုင်ရန်။
  • အရည်အသွေးအာမခံမှုရှိပြီး လုပ်သားဈေးကွက်၏ လိုအင်နှင့်လိုက်လျောညီထွေမှု ရှိသော ကျောင်းသား၊ကျောင်းသူများ မွေးထုတ်ပေးနိုင်ရန်။

မျှော်မှန်းချက်

  • နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အချင်းပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များအား အာမခံမှုရှိသော သင်ကြားသင်ယူမှုများဖြင့် လုပ်ငန်းခွင်ကျွမ်းကျင်သော သင်တန်းသားများ မွေးထုတ်ပေးရန်။
  • နိုင်ငံတကာမှ အသိအမှတ်ပြုသော အရည်အချင်းပြည့်ဝသည့် လူ့စွမ်းအား အရင်းအမြစ်များ ပေါ်ထွက်လာစေရန်။

စဉ်အမည်ပညာအရည်အချင်းတာဝန်ထမ်းဆောင်ခဲ့သောကာလ
ဦးကြည်ဌေး၅.၅.၂၀၀၉ မှ ၁၈.၅.၂၀၀၉
ဦးကြည်ဝင်း၁၉.၅.၂၀၀၉ မှ ၈.၁၂.၂၀၁၁
ဦးဝင်းမော်ထွန်း၉.၁၂.၂၀၁၁ မှ ၁၈.၁၂.၂၀၁၁
ဦးညိုချောME(MP)၁၈.၅.၂၀၁၈ မှ ၃၁.၁၀.၂၀၂၁
ဦးအောင်ထိုက်သူME(EP)၁.၁၁.၂၀၂၁ မှ ယနေ့အထိ