သင်ကြားပေးလျက်ရှိသောသင်တန်းများ

ပုံမှန်သင်တန်းများ

၀င်ခွင့် လျှောက်ထားသူများ လိုက်နာရမည့် သတ်မှတ်ချက်များ
လျှောက်ထားသူသည်

(က)  ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံစာကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထောက်ခံစာမူရင်း။

(ခ)   (ခ-၁)  သက်ဆိုင်ရာ ကျောင်းအုပ်ကြီး၏ ၂၀၂၃-၂၄ ပညာသင်နှစ်တွင် အခြေခံပညာ အလယ်တန်းအဆင့် (Grade 9) အောင်မြင်ကြောင်းထောက်ခံစာ။

        (ခ-၂) သက်ဆိုင်ရာ ကျောင်းအုပ်ကြီး၏ ၂၀၂၂-၂၃ ပညာသင်နှစ်တွင် အခြေခံပညာ အလယ်တန်းအဆင့် (Grade 9) အောင်မြင်ကြောင်းထောက်ခံစာ။

        (ခ-၃)  သက်ဆိုင်ရာ ကျောင်းအုပ်ကြီး၏ ၂၀၂၃-၂၄ ပညာသင်နှစ်တွင် Grade 10 အောင်မြင် ကြောင်း (သို့မဟုတ်) Grade 10 ကျရူံးကြောင်း (သို့မဟုတ်) ရပ်နားထာကြောင်းထောက်ခံစာ။

(ဂ)   လျောက်ထားသူ၏ အမည်ပါရှိသော အိမ်ထောင်စုဇယား (မိတ္တူ) (တိုင်ဆိုင်စစ်ဆေးရန် မူရင်းယူဆောင်လာရမည်)။

(ဃ)  ကျောင်းသား၊ကျောင်းသူများ နေထိုင်ရာဒေသ သက်ဆိုင်ရာ နယ်မြေရဲစခန်း၏ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာမှုရင်း။

(င)     ပတ်စပို့အရွယ်ရောင်စုံဓာတ်ပုံ (၃) ပုံ။

အစိုးရနည်းပညာအထက်တန်းကျောင်း(နေပြည်တော်) သို့တက်ရောက်ခွင့်ရရှိသော ကျောင်းသား/သူများသည် အောက်ဖော်ပြပါစည်းကမ်းချက်များအတိုင်း လိုက်နာရမည်။

၁။ ကျောင်းခေါ်ချိန် ၇၅% ပြည့်မပြည့်ကို လစဉ် ကျောင်းကြော်ငြာ သင်ပုန်းများတွင် ကြော်ငြာထားမည် ဖြစ်ပြီး၊ သက်ဆိုင်ရာဌာနမှူးများထံတွင်လည်း ပေးပို့ထားပြီး မိဘများထံတွင်သို့လည်း စာတိုက်မှတဆင့် အကြောင်းကြားစာများပေးပို့မည်ကိုလည်း သိရှိရမည်။

၂။ ကျောင်းသား/သူများ ပညာသင်ကြားခြင်းကို အနှောက်အယှက်ဖြစ်စေမည့် ဆူညံခြင်း စသည့် မည်သည့်အပြုအမူကိုမျှ မပြုလုပ်ရ။

၃။ ကျောင်းပိုင်ပစ္စည်းအားလုံးကို ပျက်စီးအောင် ဖျက်စီးခြင်း (လုံးဝ) မပြုလုပ်ရ။

၄။ ကျောင်းသား/သူ များ ကျောင်းခေါ်ချိန် (၇၅%) မပြည့်မီပါက စာမေးပွဲ ဖြေဆိုခွင့် မပြုဘဲ (တစ်နှစ်ကျ) အဖြစ်သတ်မှတ်မည်။

ကာလတိုသင်တန်းများ

၀င်ခွင့် လျှောက်ထားသူများ လိုက်နာရမည့် သတ်မှတ်ချက်များ
လျှောက်ထားသူသည်
(က) နည်းပညာနှင့် သက်မွေးသဘာ၀ အရ ကျန်းမာရေးကောင်းမွန်သူဖြင့်ပြီး သက်တွေ့လုပ်ငန်းနှင့် စက်ရုံ/ကုမ္ပဏီများသို့ ကွင်းဆင်းဆောင်ရွက်နိုင်သူဖြစ်ရမည်။
(ခ) တက္ကသိုလ်၀င်စာမေးပွဲတွင် သင်္ချာ ရူပဗေဒ ဓာတုဗေဒဘာသာတွဲများပါ၀င်သော မည်သည့်ဘာသာတွဲများဖြင့် အောင်မမြင်သည်ဖြစ်စေ လျှောက်ထားနိုင်သည်။
(ဂ) တက္ကသိုလ်၀င်စာမေးပွဲတွင်ရရှိခဲ့သည့် အင်္ဂလိပ်စာနှင့် သင်္ချာစုစုပေါင်းရမှတ်အပေါ် မူတည်၍ ရွေးချယ်မည်ဖြစ်သည်။

၀င်ခွင့် လျှောက်ထားရန် လိုအပ်ချက်များ

၁။ လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ)။

၂။ ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံစာကို မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ထောက်ခံစာမူရင်း။

၃။ တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအတွက် -သက်ဆိုင်ရာမှ တရားဝင်ထုတ်ပေးထားသော တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သည့် အမှတ်စာရင်း (မူရင်း)။

၄။ လျှောက်ထားသူ၏ အမည်ပါရှိသော အိမ်ထောင်စုစာရင်းဇယား(မိတ္တူ) (တိုက်ဆိုင်စစ် ဆေးရန် မူရင်းယူဆောင်လာရမည်)။

၅။ ပတ်စပို့အရွယ်ရောင်စုံဓာတ်ပုံ (၃)ပုံ။

အစိုးရနည်းပညာအထက်တန်းကျောင်း(ပုသိမ်) သို့တက်ရောက်ခွင့်ရရှိသော ကျောင်းသား/သူများသည် အင်ဂျင်နီယာကောင်းများဖြစ်စေရေးအတွက် အောက်ဖော်ပြပါစည်းကမ်းချက်များအတိုင်း လိုက်နာရမည်။