နည်းပညာ၊သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန နှင့် ဉရောပသမဂ္ဂတို့၏ ပံ့ပိုးကူညီမှု့ဖြင့် အစိုးရနည်းပညာ အထက်တန်းကျောင်း(နေပြည်တော်)တွင် ကျောင်းအခြေပြု စွမ်းဆောင်ရည် မြှင့်တင်မှု့သင်တန်းဌာန (IBPT Centre) ဖွင့်လှစ်နိုင်ရေးအတွက် ရှင်းလင်းဆွေးနွေးမည့် အလုပ်ရုံဆွေးနွေးပွဲအား အဆိုပါကျောင်း၏ စုဝေးခန်းမတွင် (၃၁.၇.၂၀၁၉)ရက်နေ့၊နံနက် (၉.၃၀နာရီ) တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ အစိုးရနည်းပညာ အထက်တန်းကျောင်း(နေပြည်တော်)ကျောင်းအုပ်ကြီး၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဇဗ္ဗူသီရိမြို့ နယ်မှ အုပ်ချုပ်ရေးဆိုင်ရာပုဂ္ဂိုလ်များ၊ PD leader များ၊ ဌာနမှူးများ၊ ဆရာ/ဆရာမ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး IBPD လုပ်ငန်းစဉ်များကို ရှုထောင့်အမျိုးမျိုးမှ ပါဝင်ဆွေးနွေးခဲ့ကြပြီး အလုပ်ရုံဆွေးနွေးပွဲအား ညနေ(၄.၃၀)တွင်ဆောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *